|
၂၀၀၇-၀၈ ရာသီတုန်းကတော့ လီဗာပူး ပရိသတ်တွေ အတွက် ပြိုင်ပွဲအသွင် ရသလေး တစ်ခုဖြစ်စေဖို့ ပွဲစဉ်တစ်ပွဲချင်းဆီ အလိုက် ခန့်မှန်းလိုင်းအပ် နဲ့ ခန့်မှန်း အဖြေရယ်ဆိုပြီး ပြိုင်ပွဲလေး နှစ်ခု လုပ်ဖြစ်ခဲ့ပါတယ်။ အမှတ်ပေးစနစ်နဲ့ ယှဉ်ပြိုင်ရတာ ဖြစ်ပြီး မှန်အောင် မှန်းနိုင်တဲ့အပေါ် မူတည်ကာ အမှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ရာသီကုန်ဆုံးချိန်မှာ ဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်တဲ့သူက အောင်နိုင်သူ အဖြစ် သတ်မှတ်ခံရပြီး အခြား လီဗာပူး ချစ်သူများက ပေးတဲ့ လီဗာပူး အမှတ်တံဆိပ် လက်ဆောင် ပစ္စည်းများကို ရရှိမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်အတွက် အောင်နိုင်သူများအား ယခုအချိန်ထိ ဆုပေးခဲ့ခြင်း မရှိသေးပေမယ့် မကြာမီ ကာလအတွင်း လီဗာပူး ပရိသတ်များ တွေ့ဆုံပွဲလေး တစ်ခုလုပ်ပြီး ထိုပွဲလေးမှာပင် ဆုများကို ပေးအပ်သွားနိုင်ရန်လည်း စီစဉ်ထားပါတယ်။
ပြီးခဲ့တဲ့ နှစ်ကလိုပဲ ယခုလာမည့် ၂၀၀၈-၀၉ ရာသီမှာလည်း လီဗာပူးချစ်သူတွေ စိတ်ဝင်စားမယ့် ပြိုင်ပွဲလေးတွေကို ပြုလုပ်ပေးဦးမှာ ဖြစ်ပါတယ်။ တွေ့ခဲ့ရတဲ့ အားသာချက် အားနည်းချက်များအပေါ် ပြန်လည်သုံးသပ်ပြီး အမှတ်စည်းမျဉ်းကအစ လိုအပ်သည်များကို ပြင်ဆင် သတ်မှတ်ပေးသွားမှာ ဖြစ်ပါတယ်။
လာမည့်နှစ်မှာ အောင်နိုင်သူများအတွက် ပြီးခဲ့တဲ့ ရာသီကထက် ပိုပြီး ကောင်းမွန်တဲ့ ပစ္စည်းများကို လက်ဆောင်အဖြစ် ပေးအပ်နိုင်ရန် စီစဉ်လျှက် ရှိပါကြောင်းနှင့် အကယ်၍ သင်ကိုယ်တိုင်က ဆုလက်ဆောင်အဖြစ် ပေးအပ်လိုပါက ကျွန်တော်များ အက်ဒမင် အဖွဲ့ဝင်များထံ ဆက်သွယ်နိုင်ပါကြောင်းနှင့် ၀မ်းမြောက်စွာ ကြိုဆိုလက်ခံသွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
Final Standing of Forecast Prediction Game 2007-08

Final Standing of Lineup Prediction Game 2007-08

2007-08 အတွက် ဆုပေးပွဲကို မကြာမီ အချိန်အတွင်းမှာ ကျင်းပပေးသွား ဖြစ်ပါကြောင်း...
|